ရခိုင်ပြည်သို့
ဗုဒ္ဓသာသနာတော်ဝင်ရောက်လာခြင်းသည် မြတ်ဗုဒ္ဓဂေါတမ
ရခိုင်ပြည်သို့ရောက်လာသည့်
အချိန်မှ စတင်သည်။ ဘုရားသျှင်သည် မဟာသက္ကရာဇ်
၁၂၃ခု ကဆုန်လ္ဆန်း (၈) ရက်။ အချို့ကျမ်း၌တပို့တွဲလပြည့်နေ့၌ နောက်ပါရဟန်း
၅၀၀ ခြံရံလိုက်ပါလျှက် ဓည၀တီ ရခိုင်ပြည် သို့ကြွရောက်ပြီး ဂစ္ဆပနဒီမြစ်၏အရှေ့ဘက်ကမ်းဖြစ်သော သေလာဂီရိကျောက်တော်တောင်၌
ဆင်းသက်ရပ်တန့်သည်။ စန္ဒသူရိယမင်းကြီးသည် ဓည၀တီမြို့မှ (၅) မိုင်ခန့်ဝေးသော
သေလာဂီရိတောင်၌ ဘုရားမြတ်သျှင်ကြွရောက်၍ ရပ်တန့်နေသည့်သတင်းကိုကြား၍
ခရီးဦးကြိုဆိုရန် သွားးရောက်သည်။
ဘုရားသျှင်၏တရားဒေသနာ နာကြားရသဖြင့်
ဘုရင်မင်းမြတ်အပါအ၀င် ယောက်ျားမိန်းမ (၁၀၀၀) သောတာပန်တည်သည်။ မင်း၏နှမတော်
မိဖုရားဥဒုမ္ဗရဒေ၀ီ (ပဒုမ္ဗ၀တီ)၊ သမီးတော်သုရုမာတို့ ဘိက္ခုနီ ထေရီ
ရဟန္တာမဖြစ်သည်။ ဘိက္ခုထေရာ ရဟန္တာယောက်ျားလည်း (၂၀၀) ကျော်ဖြစ်သည်။ ထို့နောက်
စန္ဒသူရိယမင်းက ဘုရားသျှင်အား ဓည၀တီနန်းတော်သို့ပင့်ဖိတ်လျှက်
ခုနှစ်ရက်ပတ်လုံး မြို့တော် သီရိဂုတ်တောင်၌ မဏ္ဍပ်ဆောက်လုပ်၍ပူဇော်သည်။
ဘုရားသျှင်က တရားဟောသဖြင့် တိုင်းနေပြည်သူ တစ်သိန်းမှာ သရဏဂုံ
ပဉ္စသီတရားတည်ကုန်သည်။
နန်းတော်တောင်ဘက်မနီးမဝေးအရပ်၌ ကျောင်းဆောက်လုပ်လှူဒါန်းရန်
လျှောက်ထားသည်ကိုပယ်မြစ်
လျှက် နုစဉ်ဘ၀ကကျင်လည်ခဲ့ဖူးရာ
ဝက်သတိုးတောင်ကိုညွှန်ပြ၏။ ထိုတောင်၌ပင်ရွှေကျောင်းဆောက်
လုပ်လှူဒါန်း၏။
ဘုရားသျှင်က မကြာမှီ ပြန်ကြွရမည် ဖြစ်သဖြင့် စန္ဒသူရိယမင်းသည်
ဘုရားသျှင်အား
ကိုးကွယ်ရန် ကိုယ်စားဆင်းထုတဆူ သွန်းလုပ်ခွင့်ပြုရန်
လျှောက်ထားသည်။ ဘုရားသျှင်လည်းခွင့်ပြုသဖြင့် ဘုရားသျှင်၏ ရင်ငွေ့တော်ဖြင့်
မဟာမုနိရုပ်သျှင်တော်ကို သွန်းလုပ်ပြီးစီးသည်။ မဟာမုနိရုပ်သျှင်တော်မှာ
ဗုဒ္ဓ၏ရင်ငွေ့တော်ဓါတ် ထည့်သွင်းခဲ့သောကြောင့်
မဟာမုနိရုပ်သျှင်တော်ဓါတ်ဟူ၍လည်းကောင်း၊ မဟာမုနိသွန်းစက်တော်ဟူ၍ လည်းကောင်း
ယခုတိုင်ခေါ်တွင်သည်။
ထိုအချိန်မှစ၍ ရခိုင်လူမျိုးများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာသည်။ ဓည၀တီ
ရခိုင်ပြည်၌ သာသနာပြုရန် ရဟန္တာအသျှင်ဗာကုလာအပါအ၀င် (၂၁) ပါး မဟာရာဇ၀င်၌
အရိယာသံဃာ (၂၀၀) ကိုလည်း ထားခဲ့သည်
ဆို၏။ သူရိယစက္ကမင်းလက်ထက်
သွန်းလုပ်ခဲ့သည့် စန္ဒမုနိဆင်းထုတော်ကိုကားယနေ့တိုင်ဖူးမြင်နိုင်ပေ
သည်။
သာသနာတော်ပြန့်ပြောစေခြင်းငှာ ဓည၀တီခေတ်၌ မဟာမုနိဘုရားအရပ်၌
ဝိနည်းဓိုရ်ကျောင်း ရှိကြောင်းသိရ၏။ ထိုကျောင်း၌သီတင်းသုံးနေသော
နန္ဒသီရိမထေရ်သည် ၀ိနည်းထေရ်ဆရာတော်ဖြစ်၏။ ဓည၀တီခေတ်၌ သီဟိုဠ် (သီရိလင်္ကာ)
သို့ သာသနာပြုခဲ့ကြောင်းကိုလည်း မှတ်တမ်းများအရသိရ၏။ သူရိယသီရိမင်းလက်ထက်
အေဒီ (၂၀၁) ခုတွင် ဇိနမာန်အောင် ဆရာတော်သည် အဖော် (၁၂) ပါး ဖြင့်
သီဟိုဠ်သို့သာသနာပြုရန် ကြွရောက်ဖူး၏။ အထူးသဖြင့် စန္ဒသူရိယမှ
အနွယ်ခြောက်ဆယ်မြောက် သူရိယ
စက္ကမင်းလက်ထက်တွင် အာသောကမင်းကြီး ပေးပို့သည့်
မြတ်ဗုဒ္ဓ၏ဓါတ်မွေတော်တို့ကို လက်ခံရရှိ သဖြင့် အဲဒီအချိန်ကပင်
ရခိုင်ပြည်အနှံ့ စေတီပုထိုး ကိုးကွယ်မှုစတင်ခဲ့၏။ ဝေသာလီမြို့တော်ကို
တည်ထောင်
သော မဟာစန္ဒြားမင်းကြီးလက်ထက်တွင် သီလ၀န်၊ ဂုဏ၀န်၊ ထေရ်မွန်၊
မထေရ်ကြီးတို့မှာ (၁၀၀၀၀) မျ ရှိသည်ဆိုသဖြင့် ဝေသာလီခေတ်ဦး သာသနာတော်
စည်ပင်ခဲ့သည်ကို သိသာပါသည်။
အာနန္ဒစန္ဒြကျောက်စာအရ ဝေသာလီခေတ်သာသနာသည် သီဟိုဠ်နှင့်ကူးလူးဆက်ဆံရှိသည်။
သီဟိုဠ်နိုင်ငံ သံဃအစည်းအဝေးတခုအတွက် ဝေသာလီနိုင်ငံမှ တရားဟောပလင်၊
ဆင်မယာဉ်သာ၊ ပိုးသင်္ကန်းရို့ကို ပီးပို့လှူဒါန်းခဲ့ဖူးသည်။ ထို့အပြင်
သီရိစန္ဒြားမင်းလက်ထက် အေဒီ (၆၃၈) တွင် ဝေသာလီ
မြို့၏
အရှေ့မြောက်ဖက်ရွှေထော့င်၌ သင်္ဂါယနာတင်ခြင်းကို ပြုလုပ်သည်။
ဤသင်္ဂါယနာတင်ခြင်းသည် ရခိုင်ပြည်တွင် ပထမဦးဆုံးသော သင်္ဂါယနာတင်ခြင်းဖြစ်ပြီး
မူအားဖြင့် သီဟိုဠ်မူအတိုင်းဖြစ်သည်။ သင်္ဂါယနာတင်ပွဲကို
သီဟိုဠ်မှကြွရောက်သည့် စူဠရေ၀၊ မထေရ်က နာယကအဖြစ်ဆောင်ရွက်သည်။
သီဟိုဠ်မှသံဃာအပါး (၁၀၀၀) နှင့် ရခိုင်မှသံဃာအပါး (၁၀၀၀)
ပူးပေါင်းဆောင်ရွက်သည်။ ကာလအား ဖြင့် (၃) နှစ်ကြာသည်။
“အကျွန်ုပ်၏ဒါနပါရမီသည် သတ္တ၀ါရို့အပေါ်၌ မချို့တဲ့စီသတည်း”
ဟူသောကျောက်ကမ္ဗည်းစာက အာနန္ဒစန္ဒြမင်းကြီး၏ဒါနကို သိနိုင်ပေသည်။
ထိုမင်းလက်ထက်အခါက ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် ပြုလုပ်သော ဆင်းထုတော်များ၊
အင်္ဂတေ ကျောက်များဖြင့်ပြုလုပ်သော ဆင်းထုတော်များ၊ စေတီပုထိုးတော်များ
ပြုလုပ်လှူဒါန်းသည်။ လောကီလေကုတ္တရာဆိုင်ရာ ကျမ်းဂန်မြောက်များစွာ
ရေးးကူးပျံနှံ့စေသည်။ ထို့ကြောင့် ဝေသာလီခေတ်က ဗုဒ္ဓသာသနာတော်သည်
လျှမ်းလျှမ်းတောက်စည်ပင်ခဲ့ပြီး ဝေသာလီခေတ်ကဘုရား၊ ပုထိုးစေတီများကို
“ပိတောက်ရွှေဝါ၀င်းဝင်းဝါ” ဟု မှတ်တမ်းတင် ရှိသည်။ ဂဏန်းသင်္ချာအလိုအားဖြင့်
(၅၇၄၄၄၄၄) ရသည်။
ဝေသာလီခေတ်ကုန်ပြီးသည့်နောက်တွင်ကား ရခိုင်တွင်လေးမြို့ခေတ်ပေါ်ထွန်းလာသည်။
လေးမြို့ခေတ် ပဉ္စာမြို့တော်ကို တည်ထောင်သည့် မင်းရင်ဖြူသည် သီဟိုဠ်နိုင်ငံ
ဝဋဂါမဏီမင်းလက်ထက်ပီထက်အက္ခရာ စတုတ္တသင်္ဂါယနာမူကို ရဟန္တာ (၈၀၀) ဖြင့်
ယခင်အတိုင်းရေးကူး၍ ရွှေပုရပိုဒ်ပေါ်တွင် တင်ထားခဲ့သည်။ ဤသင်္ဂါယနာကို
ရဟန္တာအသျှင်နန္ဒိယနှင့် အသျှင်ဘဒ္ဒိယ မထေရ်တို့အမှူးပြု၏။ လေးမြို့ခေတ်တွင်
ဝေသာလီခေတ်မှ စူဠရေ၀တမထေရ်၏တပည့် အဆက်အနွယ်ဖြစ်သော သုမနရဟန္တာ၊
ယင်းအသျှင်
၏တပည့် သစ္စကဗဏ္ဍ၀မထေရ်နှင့် သီလ၀န်၊ ဂုဏ၀န်၊ ထေရ်အသျှင်မြတ်ရို့မှာ
ထင်ရှားသည်။ ပုရိန်မြို့ ကောလိယလက်ထက်တွင်
လောင်းကြက်တောင်မော်ဘုရားကြီးကို ကုသိုလ်ပြု၏။ ဤမင်းလက်ထက် တည်ထားခသော
ဆင်းထုတော်၊ စေတီ၊ မွီတော်များမှာ များပြားလှ၏။ ကောင်းမှုအစုစုကို
အသဒိဿဒါန
အဖြစ် ကျောက်ကမ္ဗည်းစာရေးထိုးခဲ့၏။ ဤမင်းရွီးထိုးကျောက်စာ၌
(ဆင်ကိုတခုမကြွင်း၊ မြင်းကိုတခုမကြွင်း
လှူ၏။) ဟူ၍ တွေ့ရသည်။
ဒုတိယပုရိန်မြို့တည် ဒဿရာဇမင်းလက်ထက်တွင်ကား ပျောက်ကွယ်နေသော
မဟာမုနိဘုရားကြီးကို ပြန်လည်၍ ရှာဖွေတည်ထားပြုသည်။ ဤမင်း၏အလှူသည်
များပြားရကား သီရိဓမ္မာသောကမင်းနှင့် ခိုင်းနှိုင်းရလောက်အောင် ဘုရား၊
ပုထိုးများကိုလှူဒါန်းသည်။ ထို့နောက် တောင်ငူနေရဉ္စရာခေတ်အရောက်တွင်
မဉ္စူသင်မင်းသည် တထောင်သော ရဟန်းတော်မြတ်တို့နှင့်တကွ ပိဋကတ်တော်များကို
သန့်စင်ရေးကူးစေလျှက် စေတီပုထိုးများနှင့် ဆင်းထုတော်များ၊ ရေတွင်း၊ ရေကန်၊
စင်္ကြံလမ်းရို့ကိုလည်း ကောင်းမှုပြု၏။ မဉ္စူသင်မင်းကြီး၏သားတော်
ငရမံမင်းလက်ထက်တွင် ဘုရားရုပ်ထု
တော်၊ ဆင်းထုတော် ရေတွင်းရေကန်တို့ကိုလည်း
ပြုလုပ်လှူဒါန်း၏။ ထိုမင်းလက်ထက် ဥတ္တရဓမ္မသင်္ဃ
ဓိပတိသည် တပည့်ရဟန်း (၃၆)
ပါးနှင့် သီဟိုဠ်သို့ သာသနာပြုရန်ကြွရောက်၏။
နေရဉ္စရာမြို့၏ (၆) ဆက်မြောက်ဖြစ်သော ဘုရင်မင်းဆူလက်ထက်တွင်လည်း
မြို့တော်လေးမျက်နှာသော
အရပ်၌ မဏ္ဍပ်များကိုဆောက်လုပ်ပြီးလျှင် တစ်နေ့လျှင်
ငွေ (၄၀၀၀) စီ လှူဒါန်းသည်။ အေဒီ(၁၁၂၂
-၁၂၃၂) ခုနှစ်တွင် နန်းစံသော
ဘုရင်သကျဝင်ငယ်လက်ထက်တွင်ကား နေရဉ္စရာမြို့တော်၌ ပိဋကတ်
ကျမ်းဂန်များ အထူး
ပြန့်ပွားအောင်ဆောင်ရွက်သည်။ အလောမာဖြူလက်ထက်တွင် ဗုဒ္ဓသာသနာကိစ္စဖြင့်
သီဟိုဠ်သို့ကြွရောက်သဖြင့် ရခိုင်သမိုင်း၌ အလောမာဖြူကို
သီဟိုဠ်ရောက်မင်းဟူ၍ ထင်ရှားသည်။ လောင်းကြက်ခေတ်
တရားသီလစောင့်ထိန်းခြင်းနှင့် ထင်ရှားသော ဘုရင်မင်းထီးသည် ဘုရား၊ စေတီ၊
ပုထိုးသိမ်ကျောင်းဇရပ်တို့ကို များစွာပြုလုပ်သည်။ လောင်းကြက်နန်းတော်အနီး၌
တိဿဘုရားကို တည်ထားသည်။ မဟာမုနိကိုထပ်မံပြုပြင်ပြီး န၀င်းကျေစေတီ (၉) ဆူကို
လင်းမွေတာင်တန်း၌ တချိန်တည်းတည်ထားသည်။
ဤမင်းသည် သံဃဂုရုရာဇာဖြစ်သော သာသနာပိုင်ဆရာတော်အသျှင်သီရီဓမ္မရာဇာအား
ပင့်ဖိတ်ပြီး အိန္ဒိယပြည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးကြွရောက်သည်။
မဟာဗောဓိစေတီကို ပြုပြင်စေပြီးကျောက်စာရေးထိုး
ခဲ့သည်။
ဘုရင်မင်းထီး၏ဆရာဖြစ်သော ကောလိတဆရာသည် မိမိ၏အလှူကို မင်းကောလိယ ကဲ့သို့
လောက၌
မြင်မြင်သမျ အသဒီဿဒါနအဖြစ် လှူဒါန်းခဲ့ကြောင်း ကျောက်စာ၌တွေ့ရသည်။
ဤသို့ဖြင့်
လေးမြို့ခေတ်၏သာသနာတော်သည် ဝေသာလီခေတ်မှ ဆက်နွယ်လာသော
သာသနာတော်ဖြစ်ပြီး လေးမြို့ခေတ်တလျှောက်လုံး၌ အထူးစည်ပင်ခဲ့သည်။
မြောက်ဦးခေတ်သို့ ရောက်သောအခါတွင်ကား လေးမြို့ခေတ်မှ
အသျှင်ဗန္ဓ၀ရန္တာရို့၏အဆက်အနွယ်ဖြစ်သော စန္ဒောရာမသာသနာပိုင်
ဒီသာပါမောက္ခ
တက္ကသိုလ် ဆရာတော်ကြီးတို့သည် တပည့်များစွာနှင့်တကွ
မြောက်ဦးမြို့စန္ဒရာမကျောင်းတိုက်ကြီးကို တည်ဆောက်သည်။ ၀ိဇယရံသီဆရာတော်သည်
သုံးကျိပ်တဆူ ဘုရားအနီး၌ မြို့တည်စကပင်မဟာဝိဇယ
ရံသီကျောင်းတိုက်ကြီးကို
တည်ဆောက်သည်။ ဦးတေဇာရာမ ဆရာတော်သည်လည်းတေဇာရာမကျောင်း
တိုက်ကြီး၌
သီတင်းသုံးနေထိုင်သည်။
ဤသို့လျှင် မြောက်ဦးခေတ်၌ မြောက်ဦးမြို့တော်မှာပင်လျှင်
ဘုန်းတော်ကြီးကျောင်းပေါင်း (၃၀) နှင့် ကျောင်းတော်ငယ်ပေါင်း (၃၇၀၀)
ရှိကြောင်းကို မှတ်တမ်းများ မှတဆင့် သိရရာ မြောက်ဦးခေတ်၏ သာသနာစည်ပင်မှုကို
တစေ့တစောင်း အကဲခတ်နိုင်ပါသည်။ မင်းစောမွန်၊ မင်းခရီ၊ ဘစောဖြူ၊
မင်းဒေါလျှာ၊ မင်းခေါင်ရာဇာ၊ မင်းဗာကြီး၊ မင်းတိက္ခာ၊ မင်းဖလောင်း၊
မင်းရာဇာကြီး၊ မင်းခမောင်း၊ သီရိသုဓမ္မာရာဇာ၊ စန္ဒသုဓမ္မရာဇာ၊ စန္ဒ၀ိဇယရာဇာ၊
စသည့် မင်းရို့မှာ မြောက်ဦးခေတ် တလျှောက်လုံး၌ သာသနာတော် ကို
အားပီးချီးမြှင့်ခသည့် မင်းများဖြစ်သည်။ မြောက်ဦးခေတ်
ဗုဒ္ဓသာသနာ စည်ပင်မှုကို ယခုမြောက်ဦးမြို့ရှိ သာသနိကအဆောက်အဦးများကို
ကြည့်ရှုခြင်းဖြင့် သိနိုင်သည်။
ယနေ့တိုင် မားမားမတ်မတ်တည်ရှိသည့် သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်၊
လေးမျက်နှာ၊ အံတော်
သိမ်၊ မာန်ငါးပါးစေတီတော်တို့မှာ တချိန်က
မြောက်ဦးခေတ်၏ သာသနာထွန်ကားမှုကို ဖော်ပြနေသည်။ မင်းဗာကြီး၏သားတော်
မင်းဖလောင်းကား ဘုရားဆုကို ပန်ရွယ်သည်နှင့်အညီ ရခိုင်ပြည်အနှံ့
မွေတော် (၁၇) ဆူကို ပြု ပြင်သည်။ ထိုနေရာ ၌ အသဒီဿဒါနအလှူကိုလည်း
ပြုတော်မူသည်။ ယင်း၏သားတော် မင်းရာဇာကြီး ဆိုလျှင်လည်း ရခိုင်ပြည်အနှံ့
စေတီဟောင်း အသစ်ပေါင်း (၄၇) ဆူကို ပြု ပြင်ခြင်း၊ အသစ်
တည်ခြင်း ပြုလုပ်သည်။
(ဤသည်ကိုရည်၍ ရခိုင်ပြည်၌ ဓါတ်တော် (၄၇) ဆူ ကွန့်မြူးသည်ဟု အဆိုရှိသည်။
အမှန်မှာ ဓါတ်တော်ပေါင်းကား (၂၄၇) ဆူဖြစ်ပါသည်။)
တုံးညိုခေါ် စန္ဒ၀ိဇယရာဇာမင်းသည် သိမ်ပေါင်း (၈၀၀)၊ ဆင်းထုတော်ပေါင်း (၈၀၀)၊ ရီကန်ပေါင်း (၈၀၀) ကို လှူဒါန်းခဲ့သည်။
No comments:
Post a Comment