Tuesday, January 19, 2016

ရခိုင်လူမျိုးသမိုင်းအကျဉ်းနှင့် မင်းဆက်များ


ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ 

       ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့်       ထိုစဉ်ကလကပင် ရခိုင် လူမျိုး အချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီးယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
-----------------------------------------------------
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ ရက္ခိုင်ဆိုသော နာမ၀ိသေသအတိုင်း"အမျိုးသီလ၊ နှစ်ဌါနကို၊ပြည့်ဝမဏ္ဏိုင် ၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ.့မည်လှဖြင့် အနန္တာသညှာခေါ်အပ်ရာတည်း"လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားရှိကြောင်းကို တွေ.ရှိနိုင်သည်။
ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်းရခိုင် ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။
ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။
ရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။
ဘာသာရေး
-------------
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရခိုင်ပြည် မြောက်ဦးမြို့ ဝေသာလီ ရွှေတောင်ကြီးတွင် စတုတ္တသင်္ဂါယနာကို ဝေသာလီဘုရင်
သိရိစန္ဒြား(သိရိစမ္မ၀ိဇယမင်း)လက်ထက် သီဟိုနိုင်ငံမှ သံဃာတော်တစ်ထောင်ကို ပင့်ဆောင်ပြီး ရခိုင်ပြည်မှ သံဃာတော် တစ်ထောင်ပေါင်းနှစ်ထောင်ဖြင့် စတုတ္တသင်္ဂါယနာကို တင်ခဲ့ပါသည်။၎င်းသင်္ဂါယနာ တင်ခဲ့ပုံကို
"မဟာမဟိန္ဒ၊ ထေရဘုန်းစည်၊
တည်နေဖြန့်စင်၊သီဟိုဠ်ခွင့်၌၊
နောင်တွင်ဆောင်ရွက်၊ လွန်ခဲခက်၍၊
မေထက် အက္ခရာ၊ သင်္ဂါယနာ၊
စတုတ္ထမြောက်၊ တင်ပြီးနောက်မှ၊
တမ်းမှောက်ညစ်ကျူး၊ ဝါဒထူးဖြင့်၊
ကူးလူးမယှဉ်၊ အစိုင်တည်တံ့၊
အရှည်ခံဟု၊ ကူပံ့ဖြန့်ဖြူး၊
မြတ်ကျေးဇူးဟိ၊ ရဘိရည်ညွတ်၊
လွတ်လပ်ပြုထ၊ သီဟဠနန့်၊
ဝါဒတူညီ၊ တို့သိင်္ဂီကား၊ ပဉ္စမီထပ်၊
ကြီးနီချပ်လျှင်၊ ရွှီကွပ်တင့်သား၊
ငါးထောင်အားဖြင့်၊ ရွှီးသားသီချာ၊
သုံးနှစ်ကြာလျှင်၊ ကောင်းစွာသီးသီး၊
အောင်မြင်ပြီး၍......."ဟု
(မေဓပညာမော်ကွန်း) တွင် ဖော်ပြထားပါသည်။
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
-------------------------------------
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။
ဝတ်စားဆင်ယင်မှု
----------------------
ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။
အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။
စာပေ သမိုင်းကြောင်း
-----------------------
ရခိုင် စာပေသည် ဓည၀တီခေတ် (ဘီစီ ၃၀၀) စုခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဝေသာလီခေတ် နှောင်းပိုင်းမှ စလို့ ရက္ခ၀ဏ္ဏအက္ခရာဖြင့်ရေးသားပြီး ကြိုးတန်းပိဋကတ်ကိုစံထားလို့ လေ့လာခဲ့ကြပုံများကိုလည်း ရခိုင်သမိုင်းတွေမှာ တွေ.ရှိရသည်။ထိုခေတ်ကဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
"အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား"
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ပြည်နယ်မြို့တော်အမည် ( စစ်တွေ)
------------------------------------------
ရခိုင်ပြည်နယ်ဧရိယာအကျယ်အ၀န်းမှာ ၁၄၂၀၀.၀၈ စတုရန်းမိုင်ခန့်ရှိပြီး ဧကအားဖြင့်ဆိုလျှင် ၉၀၈၈၀၅ဧက ရှိပြီး စိုက်ပျိုးမြေဧကမှာ ၁၂၈၉၀၀၂ ဧကရှိကြောင်း ၂၀၀၉ ခုနှစ် ထုတ်ပြန်သော စာရင်းအရ သိရသည်။
လူဦးရေ ၃၈၈၃၃၃၀ (၂၀၀၉ ပြည့်နှစ် စာရင်း)
ရခိုင်ပြည်နယ်ကို ခရိုင်၎ခု၊မြို.နယ်၁၈ မြို.နယ်နှင့် မြို့နယ်ခွဲ၃ ခုဖြင့် ဖွဲ.စည်းထားပြီး စစ်တွေခရိုင်မှာ လူဦးရေ အထူထပ်ဆုးံဖြစ်သည်။စစ်တွေခရိုင်တွင် အိမ်ခြေပေါင်း ၂၂၁၁၂၇ ရှိပြီး လူဦးရေမှာ ၁၅၂၂၀၄၀ ရှိသည်။ကျောက်ဖြူခရိုင်တွင် အိမ်ခြေပေါင်း ၈၄၄၉၁ ရှိပြီး လူဦးရေမှာ ၅၆၀၃၄၉ ရှိကြောင်းဖော်ပြသည်။သံတွဲခရိုင်တွင် အိမ်ခြေပေါင်း ၆၁၇၄၀ရှိပြီး လူဦးရေမှာ ၃၇၆၄၅၀ ရှိပြီး မောင်တောခရိုင်တွင် အိမ်ခြေပေါင်း ၉၆၈၂၅ ရှိပြီး လူဦးရေမှာ ၇၂၄၄၉၁ ဦးဖြစ်သည်။ပြည်နယ်များထဲတွင် ရှမ်းပြည်နယ်မှာ လူဦးရေအများဆုးံဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ အများဆုးံဖြစ်သည်။
ရခိုင်ကမ်းရိုးတန်းအလျား အရှည်မိုင် ၃၆၀ ရှိသည်။လေ့လာဆန်းစစ်သူများအပြောအရ လက်ရှိရခိုင်လူဦးရေမှာ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊မြန်မာနိုင်ငံတစ်ခြားဒေသများနှင့် ပြည်ပနိုင်ငံများတွင် နေထိုင်သူများအပါအ၀င်ဆိုလျှင် စုစုပေါင်း ၅သန်းနီးပါးရှိကြောင့် သိရသည်။၎င်းပြင် ရခိုင်ပြည်၏ သစ်တောကြိုးဝိုင်း ဧရိယာမှာ ၁၆၈၆၂၆၇ဧက ရှိပြီး တောရိုင်းမြေဧရိယာမှာ ၃၅၃၂၂၉၉ ဧကနှင့် စိုက်ပျိုးခြင်းမပြုနိုင်သော ဧရိယာမှာ ၂၃၀၀၀၄၁ဧကရှိသည်။
ခရိုင် ၄ ခရိုင်
(စစ်တွေခရိုင်၊မောင်တောခရိုင်၊ကျောက်ဖြူခရိုင်၊သံတွဲခရိုင်)
မြို့နယ် ၁၈ မြို့နယ်
-----------------------
ကျောက်တော်မြို့၊ကျောက်ဖြူမြို့၊ဂွမြို့၊စစ်တွေမြို့၊တောင်ကုတ်မြို့၊ပုဏ္ဏားကျွန်းမြို့၊
ပေါက်တောမြဘူးသီးတောင်မြို့၊မာန်အောင်မြို့၊မောင်တောမြို့၊မင်းပြားမြို့၊မြေပုံမြို့
မြောက်ဦးမြို့၊ရသေ့တောင်မြို့၊ရမ်းဗြဲမြို့၊သံတွဲမြို့၊အမ်းမြို့ ၊မအီမြို. တို့ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ
-------------------------------------------
၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။
1. ရခိုင်လူမျိုး
2. ကမန် မျိုးနွယ်စု
3. ခမွီး မျိုးနွယ်စု
4. ဒိုင်းနက် မျိုးနွယ်စု
5. မရမာကြီး မျိုးနွယ်စု
6. မြို မျိုးနွယ်စု
7. သက် မျိုးနွယ်စု တို့ဖြစ်သည်။
ရခိုင်ခေတ်များ
----------------
* ၀ါသုဒေ၀ညီနောင်တကျိပ်တို့တည်ထောင်သော ဒွါရာဝတီခေတ်
* ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊
* ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊
* ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊
* တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊
* ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊
* လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊
* မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊ ဖြစ်သည်။
ရခိုင်ဘုရင့်နိုင်ငံကို အုပ်ချုပ်ခဲ့သော ဘုရင်များ
-----------------------------------------------------
ရခိုင်ထီးဆက်မင်းဆက်ဇယား
•••••••••••••••••••••••••••••••
ဒွါရာဝတီ(သံတွဲ)ခေတ်မင်းဆက်များ
(သမိုင်းမတင်မီကာလ)
ဦးရေ။မင်းအမည်။နန်းတက်နှစ်။နန်းကျနှစ်။နန်းစံနှစ်။ မှတ်ချက်
(၁)၀ါသုဒေ၀မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁)ဗြဟ္မကာရာဇာမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)
-ဘီစီ(၃၃၂၅)မတိုင်မီ။
(၅)ဗြဟ္မသုန္တရမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။
(၁၅)ဗြဟ္မသိန္ဒိမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁။)ဿရဘန်မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။
ဓည၀တီ"ပဋ္ဌမ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။ မှတ်ချက်
(၁)မာရယုမင်း(၃၃၂၅-၃၂၆၃)ထိ(၆၂)နှစ်-ဘီစီ(ခရစ်တော်မပေါ်မီကာလ)
(၂)မာရဇေတုမင်း(၃၂၆၃-၃၂၃၁)ထိ(၃၂)နှစ်(၁)၏သား
(၃)မာရအုံမင်း(၃၂၃၁-၃၁ရ၈)ထိ(၅၃)နှစ်(၂)၏သား
(၄)မာရရွယ်မင်း(၃၁ရ၈-၃၁၃၀)ထိ(၄၈)နှစ်(၃)၏သား
(၅)မာရတင်မင်း(၃၁၃၀-၃၀ရ၅)ထိ(၅၅)နှစ်(၄)၏်သား
(၆)မာရဇိန်မင်း(၃၀ရ၅-၃၀၄၂)ထိ(၃၃)နှစ်(၅)၏သား
(ရ)မာရတင်မင်း(၃၀၄၂-၃၀၂၀)ထိ(၂၂)နှစ်(၆)၏သား
(၁)ငဆက်အို(မျိုးခြား)(၃၀၂၀-၂၉၉၉)ထိ(၂၁)နှစ်(မျိုးခြားမင်း)
(၈)ဒေါလစန္ဒရားမင်း(၂၉၉၉-၂၉၅၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သောလစန္ဒရား(၂၉၅၉-၂၉၂၆)ထိ(၃၃)နှစ်(၈)၏သား
(၁၀)သူရိယစန္ဒရား(၂၉၂၆-၂၈၈၉)ထိ(၃ရ)နှစ်(၉)၏သား
(၁၁)ကာလစန္ဒရား(၂၈၈၉-၂၈၄၉)ထိ(၄၀)နှစ်(၁၀)၏သား
(၁၂)ကဉ္စန္ဒရား(၂၈၄၉-၂၈၁၈)ထိ(၃၁)နှစ်(၁၁)၏သား
(၁၃)မဓုစန္ဒရား(၂၈၁၈-၂ရ၉ရ)ထိ(၂၁)နှစ်(၁၂)၏သား
(၁၄)ဇေယျစန္ဒရား(၂ရ၉ရ-၂ရ၅ရ)ထိ(၄၀)နှစ်(၁၃)၏သား
(၁၅)မောက္ခစန္ဒရား(၂ရ၅ရ-၂ရ၃၁)ထိ(၂၆)နှစ်(၁၄)၏သား
(၁၆)ဂုနစန္ဒရား(၂ရ၃၁-၂ရ၁၉)ထိ(၁၂)နှစ်(၁၅)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၂ရ၁၉-၂ရ၁၈)ထိတစ်လသာစံရသည်။
(၁ရ)ကံရာဇာကြီး(၂ရ၁၈-၂၆ရရ)ထိ(၄၁)နှစ်(၁၆)၏သား
(၁၈)ကံရာဇာငယ်(၂၆ရရ-၂၆၄၁)ထိ(၃၆)နှစ်(၁ရ)၏သား
(၁၉)အိန္ဒသူရိယ(၂၆၄၁-၂၆၀၆)ထိ(၃၅)နှစ်(၁၈)၏သား
(၂၀)အသူရိန္ဒသူရိယ(၂၆၀၆-၂၅ရ၆)ထိ(၃၀)နှစ်(၁၉)၏သား
(၂၁)သာရမိတ္တ(၂၅ရ၆-၂၅၄၈)ထိ(၂၈)နှစ်(၂၀)၏သား
(၂၂)သူရိယမင်း(၂၅၄၈-၂၅၁၅)ထိ(၃၁)နှစ်(၂၁)၏သား
(၂၃)မင်းထီး(၂၅၁ရ-၂၄၉၅)ထိ(၂၂)နှစ်(၂၂)၏သား
(၂၄)မင်းပါ(၂၄၉၅-၂၄ရ၃)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)စည်ပေါင်သူ(၂၄ရ၃-၂၄၄၅)ထိ(၂၈)နှစ်(၂၄)၏သား
(၂၆)တံတိုင်းသင်(၂၄၄၅-၂၄၁၄)ထိ(၃၁)နှစ်(၂၅)၏ညီ
(၂ရ)ကျော်ခေါင်စည်(၂၄၁၄-၂၃၆၁)ထိ(၅၃)နှစ်(၂၆)၏သား
(၂၈)သူရိယစန္ဒမိတ္တ္ဋ(၂၃၆၁-၂၃၄၀)ထိ(၂၁)နှစ်(၂ရ)၏သား
(၂၉)အနန္ဒဘယ(၂၃၄၀-၂၃၁၀)ထိ(၃၀)နှစ်(၂၈)၏သား
(၃၀)လင်္ကျာစည်သူ(၂၃၀-၂၂၈၀)ထိ(၃၀)နှစ်(၂၉)၏သား
(၃၁)သီဟကုစ္ဆိ(၂၂၈၀-၂၂၃ရ)ထိ(၄၃)နှစ်(၃၀)၏သား
(၃၂)မင်းဘုန်းသန်(၂၂၃ရ-၂၂၀၆)ထိ(၃၁)နှစ်(၃၁)၏သား
(၃၃)သက္ကမွေး(၂၂၀၆-၂၁၅ရ)ထိ(၄၉)နှစ်(၃၂)၏သား
(၃၄)ဇေယျနန္ဒသူ(၂၁၅ရ-၂၁၀၅)ထိ(၅၂)နှစ်(၃၃)၏သား
(၃၅)တက္ကသူ(၂၁၀၅-၂၀၅၉)ထိ(၄၆)နှစ်(၃၄)၏သား
(၃၆)လက္ခဏ(၂၀၅၉-၂၀၂၂)ထိ(၃ရ)နှစ်(၃၅)၏သား
(၃ရ)ဂုဏရာဇ်(၂၀၂၂-၁၉၈၀)ထိ(၄၂)နှစ်(၃၆)၏သား
(၃၈)သီဝရာဇ်(၁၉၈၀-၁၉၃၉)ထိ(၄၁)နှစ်(၃ရ)၏သား
(၃၉)မင်းလှမွှေး(၁၉၃၉-၁၉၁၈)ထိ(၂၁)နှစ်(၃၈)၏သား
(၄၀)ပူရိန္ဒ(၁၉၁၈-၁၈၅၈)ထိ(၆၀)နှစ်(၃၉)၏သား
(၄၁)မင်းသိဒ္ဒက်(၁၈၅၈-၁၈၃၆)ထိ(၂၂)နှစ်(၄၀)၏သား
(၄၂)မင်းလှကြီး(၁၈၃၆-၁ရ၈၉)ထိ(၄ရ)နှစ်(၄၁)၏သား
(၄၃)ထွေးလုပ်ကြီး(၁ရ၈၉-၁ရ၆၅)ထိ(၂၄)နှစ်(၄၂)၏သား
(၄၄)စေရာဇ်(၁ရ၆၅-၁ရ၂ရ)ထိ(၃၈)နှစ်(၄၃)၏သား
(၄၅)ချက်နှာဝန်း(၁ရ၂ရ-၁ရ၀၃)ထိ(၂၄)နှစ်(၄၄)၏သား
(၄၆)လက်ရုံးကြီး(၁ရ၀၃-၁၆ရ၆)ထိ(၂ရ)နှစ်(၄၅)၏သား
(၄ရ)သီရိကမ္မ္မသုန္ဒုရ(၁၆ရ၆-၁၆၄၆)ထိ(၃၀)နှစ်(၄၆)၏သား
(၄၈)နန္ဒကောဘယ(၁၆၄၆-၁၆၁၉)ထိ(၂ရ)နှစ်(၄ရ)၏သား
(၄၉)မင်းနံဖြူ(၁၆၁၉-၁၅၉၉)ထိ(၂၀)နှစ်(၄၈)၏သား
(၅၀)မင်းနံလှ(၁၅၉၉-၁၅ရ၁)ထိ(၂၈)နှစ်(၄၉)၏သား
(၅၁)မင်းခေါင်ငယ်(၁၅ရ၁-၁၅၅၁)ထိ(၂၀)နှစ်(၅၀)၏သား
(၅၂)လောက်ခေါင်ရာဇာ(၁၅၅၁-၁၅၃၆)ထိ(၁၅)နှစ်(၅၁)၏သား
(၅၃)မင်းသီဟ(၁၅၃၆-၁၅၁၅)ထိ(၂၁)နှစ်(၅၂)၏သား
(၅၄)မင်းငယ်ပျော်လှစည်သူ(၁၅၁၅-၁၅၀၈)ထိ(ရ)နှစ်(၅၃)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၁၅၀၈-၁၅၀ရ)ထိ(၁)လတစ်ဦးစီလပိုင်းစံရသည်။
ဓည၀တီ"ဒုတိယ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)ကမ္မရာဇာ(ကံရာဇာကြီး)(၁၅၀ရ-၁၄ရ၀)ထိ(၃ရ)နှစ်။အချို့ကကံရာဇာကြီးဟုခေါ်သည်။
(၂)သီလရာဇာ(၁၄ရ၀-၁၄၂၉)ထိ(၄၁)နှစ်(၁)၏သား
(၃)၀ါသုရ(၁၄၂၉-၁၃၉၈)ထိ(၃၁)နှစ်(၂)၏သား
(၄)နန္ဒသူရိယ(၁၃၉၈-၁၃၅၈)ထိ(၄၀)နှစ်(၃)၏သား
(၅)သူရိယနန္ဒ(၁၃၅၈-၁၃၂၆)ထိ(၃၂)နှစ်(၄)၏သား
(၆)သူရနန္ဒ(၁၃၂၆-၁၃၁၃)ထိ(၂၃)နှစ်(၅)၏သား
(ရ)စန္ဒမာဂု(၁၃၁၃-၁၂ရ၁)ထိ(၃၂)နှစ်(၆)၏သား
(၈)သီရိစန္ဒာ(၁၂ရ၁-၁၂၃၁)ထိ(၄၀)နှစ်(ရ)၏သား
(၉)သီဟရာဇာ(၁၂၃၁-၁၁၈၅)ထိ(၄၆)နှစ်(၈)၏သား
(၁၀)သီဟယနု(၁၁၈၅-၁၁၆၅)ထိ(၂၀)နှစ်(၉)၏သား
(၁၁)ပယာက(၁၁၆၅-၁၁၃၄)ထိ(၃၁)နှစ်(၁၀)၏သား
(၁၂)နီလဂုဏ်(၁၁၃၄-၁၀၉၃)ထိ(၄၁)နှစ်(၁၁)၏သား
(၁၃)ရောဟဂုဏ်(၁၀၉၃-၁၀၆၃)ထိ(၃၀)နှစ်(၁၂)၏သား
(၁၄)သီရိဂုဏ်(၁၀၆၃-၁၀၉၃)ထိ(၂၄)နှစ်(၁၃)၏သား
(၁၅)သမံဇာ(၁၀၃၉-၁၀၀၄)ထိ(၃၅)နှစ်(၁၄)၏တူ
(၁၆)သုဝဏ္ဍကုမ္မာ(၁၀၀၄-၉၈၄)ထိ(၂၀)နှစ်(၁၅)၏သား
(၁ရ)သက်တင်ဖြူ(၉၈၄-၉၄၄)ထိ(၄၀)နှစ်(၁၆)၏သား
(၁၈)သက်တင်ဦး(၉၄၄-၉၀၂)ထိ(၄၂)နှစ်(၁ရ)၏သား
(၁၉)ဇေတ၀န်(၉၀၂-၈၆၆)ထိ(၃၆)နှစ်(၁၈)၏သား
(၂၀)မုဉ္စိယ(၈၆၆-၈၃၉)ထိ(၂ရ)နှစ်(၁၉)၏သား
(၂၁)ကုမ္မရာဝိသုက(၈၃၉-ရ၆၂)ထိ(ရရ)နှစ်(၂၀)၏သား
(၂၂)၀ါသုမဏ္ဍလ(ရ၆၂-ရ၂၈)ထိ(၃၄)နှစ်(၂၁)၏သား
(၂၃)ပုရိန္ဒ(ရ၂၈-၆၉ရ)ထိ(၃၁)နှစ်(၂၂)၏သား
(၂၄)ရာလာမာယု(၆၉ရ-၆ရ၅)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)နာလမာယု(၆ရ၅-၆၄၄)ထိ(၃၁)နှစ်(၂၄)၏သား
(၂၆)၀ရတကုနိ(၆၄၄-၆၂၂)ထိ(၂၂)နှစ်(၂၅)၏သား
(၂ရ)၀ိသုရာဇာ(၆၂၂-၆၁၀ထိ(၁၂)နှစ်(၂၆)၏သား
(၂၈)သီရိရာဇာ(၆၁၀-၅၈၀)ထိ(၃၀)နှစ်(၂ရ)၏သား
ဓည၀တီ"တတိယ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)စန္ဒသူရိယမင်း(၅၈၀-၅၂ရ)ထိ(၅၃)နှစ်။သီရိရာဇာ၏သား
(၂)သူရိယာဓိပတိ(၅၂ရ-၄၈၀)ထိ(၄ရ)နှစ်(၁)၏သား
(၃)သူရိယာပတိပါတ်(၄၈၀-၄၂၄)ထိ(၅၆)နှစ်(၂)၏သား
(၄)သူရိယရုပ(၄၂၄-၃ရ၉)ထိ(၄၅)နှစ်(၃)၏သား
(၅)သူရိယစန္ဒာလ(၃ရ၉-၃၁၅)ထိ(၆၄)နှစ်(၄)၏သား
(၆)သူရိယစက္က(၃၁၅-၂ရ၁)ထိ(၄၄)နှစ်(၅)၏သား
(ရ)သူရိယနထ(၂ရ၁-၂၉၉)ထိ(၄၂)နှစ်(၆)၏သား
(၈)သူရိယ၀ံသ(၂၉၉-၁၈၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သူရိယဗန္ဒ(၁၈၉-၁၆၃)ထိ(၂၆)နှစ်(၈)၏သား
(၁၀)သူရိယကလျာကာ(၁၆၃-၁၂၅)ထိ(၃၈)နှစ်(၉)၏သား
(၁၁)သူရိယမုခ(၁၂၆-၉၅)ထိ(၃၀)နှစ်(၁၀)၏သား
(၁၂)သူရိယတေဇ(၉၅-၄၅)ထိ(၅၀)နှစ်(၁၁)၏သား
(၁၃)သူရိယပုည(၄၅-၁၀)ထိ(၃၅)နှစ်(၁၂)၏သား
(၁၄)သူရိယကုလ(ဘီစီ၁၀မှအေဒီ၂၆)ထိ(၃၆)နှစ်(၁၃)၏သား(ခရစ်တော်ပေါ်ပြီးကာလ)
(၁၅)သူရိယပဘာ(၂၆-၈၀)ထိ(၅၄)နှစ်(၁၄)၏သား
(၁၆)သူရိယစိတ္တရ(၈၀-၁၁၆)ထိ(၃၆)နှစ်(၁၅)၏သား
(၁ရ)သူရိယဇေဌ(၁၁၆-၁၃၈)ထိ(၂၂)နှစ်(၁၆)၏သား
(၁၈)သူရိယ၀ိမလ(၁၃၈-၁၅၆)ထိ(၁၈)နှစ်(၁ရ)၏သား
(၁၉)သူရိယယေနု(၁၅၆-၁ရ၈)ထိ(၂၂)နှစ်(၁၈)၏သား
(၂၀)သူရိယကံသ(၁ရ၈-၁၉၄)ထိ(၁၆)နှစ်(၁၉)၏သား
(၂၁)သူရိယသကျ(၁၉၄-၂၀၂)ထိ(၈)နှစ်(၂၀)၏ဘထွီး
(၂၂)သူရိယသီရိ(၂၀၂-၂၂၂)ထိ(၂၀)နှစ်(၂၁)၏သား
(၂၃)သူရိယကေသီ(၂၂၂-၂၄၁)ထိ(၂၁)နှစ်(၂၂)၏သား
(၂၄)သူရိယကုမ္မာ(၂၄၁-၂ရ၃)ထိ(၃၂)နှစ်(၂၃)၏သား
(၂၅)သူရိယကေတု(၂ရ၁-၃၂ရ)ထိ(၅၆)နှစ်(၂၄)၏သား
ဝေသာလီ"ကျောက်လှေကား'ခေတ်နှင့်စမ္မ၀က်ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မဟာစန္ဒြ္ဒ္ဒ္ဒ္ဒ္ဒား(၃၂ရ-၃၈၄)ထိ(၅ရ)နှစ်။သူရိယကေတု၏သား
(၂)သူရိယစန္ဒြား(၃၈၄-၄၃၃)ထိ(၄၉)နှစ်(၁)၏သား
(၃)မောလစန္ဒြား(၄၃၃-၄၈၁)ထိ(၄၈)နှစ်(၂)၏သား
(၄)ပေါလစန္ဒြား(၄၈၁-၅၂ရ)ထိ(၄၆)နှစ်(၃)၏သား
(၅)ကာလစန္ဒြား(၅၂ရ-၅ရ၆)ထိ(၄၉)နှစ်(၄)၏သား
(၆)ထူလစန္ဒြား(၅ရ၆-၅၉၅)ထိ(၁၉)နှစ်(၅)၏သား
(ရ)သီရိစန္ဒြား(၅၉၅-၆၆ရ)ထိ(ရ၂)နှစ်(၆)၏သား
(၈)သင်္ဂစန္ဒြား(၆၆ရ-ရ၃၃)ထိ(၆၆)နှစ်(ရ)၏သား
(၉)စူဠစန္ဒြား(ရ၃၃-ရ၆၉)ထိ(၃၆)နှစ်(၈)၏သား
(၁)အမြတူ(မြို)(ရ၆၉-ရရ၆)ထိ(ရ)နှစ်(မျိုးခြားမင်း)
(၂)ပဲဖြူ(ရရ၆-ရ၉၃)ထိ(၁ရ)နှစ်(အမြတူ၏ညီသား)
-မင်းမဲ့ကာလ(ရ၉၃-၇၉၄)ထိ(၁)နှစ်(မင်းမရှိသောကာလ)
(၁၀)ငတုံမင်း(ရ၉၄-၈၁၈)ထိ(၂၄)နှစ်(စူဠစန္ဒြား၏သား)
ပဉ္စာခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ခေတ္တသင်(၈၁၈-၈၂၈အေဒီ)ထိ(၁၀)နှစ်(စူဠစန္ဒြရားတူစန္ဒကူး၏သား)
(၂)စန္ဒသင်(၈၂၈-၈၄၃)ထိ(၁၅)နှစ်(ခေတ္တသင်၏ညီ)
(၃)မင်းသင်ဖြူ(၈၄၃-၈ရ၃)ထိ(၃၀)နှစ်(၁)၏သား
(၄)နာဂသူရိယ(၈ရ၃-၉၀၄)ထိ(၃၂)နှစ်(၂)၏သား
(၅)ပုဏ္ဍက(၉၃၆-၉၆၉)ထိ(၃၃)နှစ်(၄)၏သား
(၆)မင်းကြီးဖြူ(၉၆၉-၉၈၄)ထိ(၁၅)နှစ်(၅)၏သား
(၁)စည်သဘင်(၉၈၄-၉၈၆)ထိ(၂)မျိုးခြားမင်း
(ရ)မင်းနု(၉၈၆-၁၀၁၄)ထိ(၂၈)နှစ်(မင်းကြီးဖြူ၏သား)
(၈)မင်းလာတော်(၁၀၁၄-၁၀၃၄)ထိ(၂၀)နှစ်(ရ)၏သား
(၉)မင်းကုလား(၁၀၃၄-၁၀၆၂)ထိ(၂၈)နှစ်(၈)၏သား
(၁၀)မင်းဘီလူး(၁၀၆၂-၁၀၆၈)ထိ(၆)နှစ်(၉)၏သား
(၁)၀ရောင်းငှက်အသင်္ခယာ(၁၀၆၈-၁၀ရ၆)ထိ(၈)နှစ်(ကြားမင်း)
(၂)မင်းဘုန်းသန်(၁၀ရ၆-၁၀၉၀)ထိ(၁၄)နှစ်(အသင်္ခယာ၏သား)
(၃)မင်းမတ်(၁၀၉၀-၁၁၀၃)ထိ(၁၃)နှစ်(မင်းဘုန်းသန်၏သား)
ပရိန်"ပဋ္ဌမ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လင်္ကျာမင်းနန်(၁၁၀၃-၁၁၀၉)ထိ(၆)နှစ်(မင်းဘီလူး၏မြီး)
(၂)မင်းသီဟ(၁၁၀၉-၁၁၁၀)ထိ(၁)နှစ်(၁)၏သား
(၃)ရာဇာကြီး(၁၁၁၀-၁၁၁၃)ထိ(၃)နှစ်(၂)၏သား
(၄)သကျဝင်ကြီး(၁၁၁၃-၁၁၁၅)ထိ(၂)နှစ်(၃)၏သား
(၅)သကျဝင်ငယ်(၁၁၁၅-၁၁၁၈)ထိ(၃)နှစ်(၄)၏သား
(၆)ကောလိယ(၁၁၁၈-၁၁၂၃)ထိ(၅)နှစ်(၅)၏သား
ပရိန်"ဒုတိယ"ခေတ်မင်းဆက်များ
့ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ဒဿရာဇာ(၁၁၂၃-၁၁၃၉)ထိ(၁၆)နှစ်(ကောလိယ၏သား)
(၂)အနန္ဒသီရိ(၁၁၃၉-၁၁၄၂)ထိ(၃)နှစ်(၁)၏သား
(၃)မင်းဖုန်းစား(၁၁၄၂-၁၁၄၉)ထိ(ရ)နှစ်(အနန္ဒသီရိ၏ညီ)
(၄)ပဉ္စဏလ၀တ်(၁၁၄၉-၁၁၅၁)ထိ(၂)နှစ်(၃)၏သား
(၅)ဓနရူပေါ(၁၁၅၁-၁၁၆၀)(၉)နှစ်(၄)၏သား
(၆)စလင်ကာဗိုလ်အမတ်(၁၁၆၀-၁၁၆၁)ထိ(၁)နှစ်(၅)၏သား
(ရ)မဉ္စူသင်(၁၁၆၁-၁၁၆၁)ထိ(၅)နှစ်(ဓနရူပေါ၏သား)
(၈)ငရံမံ(၁၁၆၆-၁၁၆၈)ထိ(၂)နှစ်(ရ)၏သား
(၉)မင်းပုဂံ(၁၁၆၈-၁၁ရ၀)ထိ(၂)နှစ်(၈)၏သား
(၁၀)ငရက္ခိုင်(၁၁ရ၀-၁၁ရ၃)ထိ(၃)နှစ်(၉)၏သား
(၁၁)မင်းကြုံ(၁၁ရ၃-၁၁၈၅)ထိ(၁၂)နှစ်(၁၀)၏သား
(၁၂)မင်းဆူ(၁၁၈၅-၁၁၉၀)ထိ(၅)နှစ်(၁၁)၏သား
(၁၃)ရွှေသင်(၁၁၉၀-၁၁၉၃)ထိ(၃)နှစ်(၁၂)၏သား
(၁၄)မင်းခေါင်ကြီး(၁၁၉၃-၁၂၀၄)ထိ(၆)နှစ်(၁၃)၏သား
(၁၅)မင်းခေါင်ငယ်(၁၁၉၉-၁၂၀၄)ထိ(၅)နှစ်(၁၄)၏သား
(၁၆)ကမ္ဘာလောင်ကြီး(၁၂၀၄-၁၂၁၀)ထိ(၆)နှစ်(၁၅)၏သား
(၁ရ)ကမ္ဘာလောင်ငယ်(၁၂၁၀-၁၂၂၀)ထိ(၁၀)နှစ်(၁၆)၏သား
(၁၈)သကျဝင်ကြီး(၁၁၂၀-၁၂၂၂)ထိ(၂)(၁ရ)၏သား
(၁၉)သကျဝင်ငယ်(၁၂၂၂-၁၂၃၂)ထိ(၁၀)နှစ်(၁၈)၏သား
(၂၀)သနပင်ဖြူ(၁၂၃၂-၁၂၃၅)ထိ(၃)နှစ်(၁၉)၏သား
(၂၁)နယ်သိမ်း(၁၂၃၅-၁၂၄၆)ထိ(၁၁)နှစ်(၂၀)၏သား
(၂၂)ငနလုံး(၁၂၄၆-၁၂၅၀)ထိ(၄)နှစ်(၂၁)၏သား
လောင်းကြက်ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လောမာဖြူ(၁၂၅၀-၁၂၅၆)ထိ(၆)နှစ်(ငနလုံး၏သား)
(၂)ရာဇာသူကြီး(၁၂၅၆-၁၂၅၈)ထိ(၂)နှစ်(၁)၏သား
(၃)စောလူး(၁၂၅၈-၁၂၆၁)(၃)နှစ်(၂)၏သား
(၄)ဥစ္စနာကြီး(၁၂၆၁-၁၂၆၉)ထိ(၈)နှစ်(၃)၏သား
(၅)စောမွန်ကြီး(၁၂၆၉-၁၂ရ၃)ထိ(၄)နှစ်(၄)၏သား
(၆)နန်းကျကြီး(၁၂ရ၃-၁၂ရရ)ထိ(၄)နှစ်(၅)၏သား
(ရ)မင်းဘီလူး(၁၂ရရ-၁၂၈၁)ထိ(၄)နှစ်(၆)၏သား
(၈)စည်သဘင်အမတ်ကြီး(၁၂၈၁-၁၂၈၃)ထိ(၂)နှစ်
(၉)မင်းထီး(၁၂၈၃-၁၃၈၉)ထိ(၁၀၆)နှစ်(မင်းဘီလူး၏သား)
(၁၀)ဥစ္စနာငယ်(၁၃၈၉-၁၃၉၁)ထိ(၂)နှစ်(၉)၏သား
(၁၁)သီဝရာဇ်(၁၃၉၁-၁၃၉၂)ထိ(၁)နှစ်(၁၀)၏ညီ
(၁၂)နန်းကျငယ်(၁၃၉၂-၁၃၉၄)ထိ(၂)နှစ်(၁၁)၏ညီ
(၁၃)ရာဇသူ(၁၃၉၄-၁၃၉၆)ထိ(၂)နှစ်(၁၂)၏သား
(၁၄)စည်သဘင်အမတ်(၁၃၉၆-၁၃၉ရ)ထိ(၁)နှစ်
(၁၅)မြင်စည်စားအမတ်(၁၃၉ရ-၁၃၉ရ)ထိ(၅)လ
(၁၆)ရာဇသူမင်း(၁၃၉ရ-၁၄၀၁)ထိ(၄)နှစ်
(၁ရ)သိင်္ဂသူ(၁၄၀၁-၁၄၀၄)ထိ(၃)နှစ်(၁၆)၏ညီ
မြောက်ဥ"ပဋ္ဌမ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မင်းစောမွန်(၁၄၀၄-၁၄၃၃)ထိ(၂၉)နှစ်(ရာဇသူ၏သား)
(၂)အလီခင်(၁၄၃၃-၁၄၅၈)ထိ(၂၅)နှစ်(၁)၏ညီ
(၃)ဘစောဖြူ(ကုလမသျှာ)(၁၄၅၈-၁၄၈၁)ထိ(၂၃)နှစ်(၂)၏သား
(၄)မင်းဒေါ်လျာ(ဆင်ဖြူရှင်)(၁၄၈၁-၁၄၉၁)ထိ(၁၀)နှစ်(၃)၏သား
(၅)မင်းညို(၁၄၉၁-၁၄၉၃)ထိ(၂)နှစ်(၄)၏ပထွီး
(၆)ရန်အောင်(၁၄၉၃-၁၄၉၄)ထိ(၆)လ(၄)၏သား
(ရ)စလင်္ကာသူ(၁၄၉၄-၁၅၀၁)ထိ(ရ)နှစ်(၆)၏ဦးကြီး
(၈)မင်းရာဇာ(၁၅၀၁-၁၅၁၃)ထိ(၁၂)နှစ်(ရ)၏သား
(၉)ကဇာပတိ(၁၅၁၃-၁၅၁၅)ထိ(၂)နှစ်(၈)၏သား
(၁၀)မင်းစောအို(၁၅၁၅-၁၅၁၅)ထိ(၆)လ(မင်းရာဇာ၏ပထွီး)
(၁၁)သဇာတာ(၁၅၁၅-၁၅၂၁)ထိ(၆)နှစ်(၄)၏သား
(၁၂)မင်းခေါင်ရာဇာ(၁၅၂၁-၁၅၃၁)ထိ(၁၀)နှစ်(၁၁)၏ညီ
မြောက်ဥ"ဒုတိယ"ခေတ်မင်းဆက်များ
(၁)မင်းဗာကြီး(၁၅၃၁-၁၅၅၃)ထိ(၂၂)နှစ်(မင်းရာဇာ၏သား)
(၂)မင်းတိက္ခာ(၁၅၅၃-၁၅၅၆)ထိ(၃)နှစ်(၁)၏သား
(၃)မင်းစောလှ(၁၅၅၆-၁၅၆၄)ထိ(၈)နှစ်ကျော်(၂)၏သား
(၄)စကြ၀ဒေး(၁၅၆၄-၁၅ရ၁)ထိ(ရ)နှစ်(၃)၏ညီ
(၅)မင်းဖလောင်း(၁၅ရ၁-၁၅၉၃)ထိ(၂၂)နှစ်(မင်းဗာကြီး၏သား)
(၆)မင်းရာဇာ(၁၅၉၃-၁၆၁၂)ထိ(၁၉)နှစ်(၅)၏သား
(ရ)မင်းခမောင်း(၁၆၁၂-၁၆၂၂)ထိ(၁၀)နှစ်(၆)၏သား
(၈)သီရိသုဓမ္မရာဇာ(၁၆၂၂-၁၆၃၈)ထိ(၁၆)နှစ်(ရ)၏သား
(၉)မင်းစနေ(၁၆၃၈-၁၆၃၈)ထိ(၂၀)ရက်(၈)၏သား
မြောက်ဦး"တတိယ"ခေတ်နောက်ဆုံးမင်းဆက်များ
(၁)နရပတိမင်း(ကုသလ)(၁၆၃၈-၁၆၄၅)ထိ(ရ)နှစ်
(၂)သတိုးဓမ္မရာဇာ(၁၆၄၅-၁၆၅၂)ထိ(ရ)နှစ်(၁)၏သား
(၃)စန္ဒသုဓမ္မရာဇာ(၁၆၅၂-၁၆ရ၄)ထိ(၂၂)နှစ်(၂)၏သား
(၄)ဥက္ကာဗလ(၁၆ရ၄-၁၆၈၅)ထိ(၁၁)နှစ်(၃)၏သား
(၅)၀ရဓမ္မရာဇာ(၁၆၈၅-၁၆၉၂)ထိ(ရ)နှစ်(၄)၏ညီ
(၆)မဏိသုဓမ္မရာဇာ(၁၆၉၂-၁၆၉၄)ထိ(၂)နှစ်(၅)၏နောင်တော်
(ရ)စန္ဒသူရိယဓမ္မရာဇာ(၁၆၉၄-၁၆၉၆)ထိ(၂)နှစ်(၆)၏ညီ
(၈)ငတုံနော်ရထာ(၁၆၉၆-၁၆၉၆)ထိ(၃ရ)ရက်(ရ)၏သား
(၉)မာရုပိယ(၁၉၆၉-၁၉၆ရ)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၀)လာလကန္တတ်(၁၉၆ရ-၁၉၆၈)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၁)ရွှေဝါနရာဓိပတိ(၁၆၉၈-၁ရ၀၀)ထိ(၂)နှစ်(မင်းသား)
(၁၂)စန္ဒ၀ိမလဓမ္မရာဇာကျော်သိင်္ဂ(၁ရ၀၀-၁ရ၀၆)ထိ(၆)နှစ်
(၁၃)သူရိယရာဇာသတိုးလှ(၁ရ၀၆-၁ရ၁၀)ထိ(၄)နှစ်
(၁၄)စန္ဒ၀ိဇာရာဇာတန္တဗိုလ်(၁ရ၁၀-၁ရ၃၁)ထိ(၂၁)နှစ်
(၁၅)သာမစန္ဒသူရိယရာဇာ(၁ရ၃၁-၁ရ၃၄)ထိ(၃)နှစ်(၁၄)၏သမက်
(၁၆)နရာအဓိပတိ(၁ရ၃၄-၁ရ၃၅)ခု(၁)နှစ်(၁၅)၏သား
(၁ရ)န၀မရရာဇာ(၁ရ၃၅-၁ရ၃ရ)ထိ(၂)နှစ်(၁၆)၏ညီ
(၁၈)စန္ဒ၀ိဇယ(၁ရ၃ရ-၁ရ၃ရ)ထိ(၈)လ(၁ရ)၏ဘကြီးသားညီ
(၁၉)သူရတန်ရာဇာ(၁ရ၃ရ-၁ရ၃ရ)ထိ(၃-ရက်)မျိုးခြား
(၂၀)မေတ္တရာဇ်(၁ရ၃ရ-၁ရ၄၂)ထိ(၅)နှစ်(စန္ဒ၀ိဇယ၏ညီ)
(၂၁)နရအဘယရာဇာ(၁ရ၄၂-၁ရ၆၁)ထိ(၁၉)နှစ်(၂၀)၏ပထွီး
(၂၂)သီရိသုရာဇာ(၁ရ၆၁-၁ရ၆၁)ထိ(၃)လ(၂၁)၏သား
(၂၃)စန္ဒပရမရာဇာ(၁ရ၆၁-၁ရ၆၄)ထိ(၃)နှစ်(၂၂)၏ညီ
(၂၄)အဘယမဟာရာဇာ(၁ရ၆၄-၁ရရ၃)ထိ(၉)နှစ်(၂၃)၏ယောက်ဖ
(၂၅)ဒါးပိုင်သောကြာ(စန္ဒသုမန)(၁ရရ၃-၁ရ၃ရ)ထိ(၄)နှစ်
(၂၆)စန္ဒ၀ိမလ(အမတ်ပိုးရွှေ)(၁ရရရ-၁ရရရ)ထိ(၄၀-ရက်)
(၂ရ)စန္ဒသတိဿရာဇာ(အောင်စုန်)(၁ရရရ-၁ရ၈၂)ထိ(၅)နှစ်
(၂၈)မဟာသမ္မတရာဇာ(သတိုးအောင်)(၁ရ၈၂-၁ရ၈၄)(၂)နှစ်(၂ရ)၏တူမလင်
ဤတွင် နှစ်ပေါင်းငါးထောင်ကျော် ရှည်ကြာလာခဲ့ရသည့် ရခိုင်မင်းဆက်အဆုံးသတ်ခဲ့ရုံသာမက ကျူးကျော်သူ ဗမာနယ်ချဲ့တို့က ရခိုင်ဘုရင့်နိုင်ငံတစ်ခုလုံးကို မီးရှိ့ဖျက်ဆီးမှု့ကြောင့် ပြာပုံဘ၀သို့ ကျရောက်ခဲ့ရသည်။အပြစ်မဲ့ပြည်သူ ခုနှစ်သိန်းကျော် ရက်စက်စွာ အသတ်ခံခဲ့ကြရပြီး၊ နှစ်သိန်းကျော်သော ပြည်သူများမှာ တိုင်းပြည်ကို စွန့်ခွါ၍ အနောက်ဘင်္ဂလားဒေသနှင့်
အိန္ဒိနိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့ကြရသည်။ တစ်သိန်းကျော်မှာ ဗမာပြည်သို့ စစ်သုံးပန်းအဖြစ်နှင့် ယိုးဒယားသို့ ကျူးကျော် ၀င်ရောက်တိုက်ခိုက်ရာတို့တွင် လူသားဒိုင်းကာများအဖြစ်
အသုံးပြုရင်း အပြန်လမ်းမရှိခဲ့ကြပေ။ ။
ဘာသာစကားဆိုသည်မှာ
------------------------------
ဘာသာစကားတစ်ခုဖြစ်ပေါ်လာဖို့ အပြောကအရင် ဖြစ်တည်ရပြီး အရေးကနောက် မှ ဖန်တီးရခြင်းဖြစ်ပါတယ်။ အသံ ဟာ ဘာသာစကားရဲ့ အခြေခံ ဖြစ်ပြီး ထိုအသံကို သင်္ကေတ ဖန်တီး၍ ပြောဆို ဆက်သွယ်ကြပါသည်။ထို့်ကြောင့် ဘာသာစကားကို system of vocal symbols လို့စာပေမှာ အဆိုရှိပါတယ်။ အသံ ကို ပုံဖော်ထားတဲ့ သင်္ကေတ တစ်ခုချင်းစီမှာ သက်ဆိုင်ရာ အဓိပ္ပါယ် ရှိပြီး ထိုသင်္ကေတ ကို လူ့အဖွဲ့အစည်းတစ်ခုက နှစ်ပေါင်းများစွာ ညှိနှိုင်း တည်ဆောက်ယူရပါတယ်။ လိုအပ်ချက်အရ စကားသံကိုအခြေခံပြီး အက္ခရာ ကို ရှာဖွေတည်ဆောက်ယူရပါတယ်။ အရေးဘာသာစကား written language ကို တည်ထွင် ကြလာပါတယ်။ အပြန်အလှန်နားလည်ခြင်း၊ အဓိပ္ပါယ် ရှိခြင်း၊ အဓိပ္ပါယ် သိခြင်းသည် အရေးဘာသာစကား ၏ အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက် အသုံးပြုနေစဉ်တစ်လျောက်လုံး အမြဲ ဆန်းသစ်နေပါတယ်။ သို့ပေမယ့်လောကဓမ္မနိယာမ တရား ကို လွန်ဆန်လို့မရ နိုင်ပါ။ နေရာဌာန ကိုလိုက်ပြီး အသံပြောင်းမူ၊ အသံထွက်ပြောင်းမ၊ူ အဓိပ္ပါယ်ပြောင်းမ၊ူ သဒ္ဒါ ပြောင်းမူ ရှိပါတယ်။ အပြောဘာသာစကားသည် အရေးဘာသာစကားထက်စောပါတယ်။ အပြောက လူသားတွေရဲ့ မူလပထမအရင်းအမြစ်ဆက်သွယ်ရေးသင်္ကေတဖြစ်ပြီး အရေးက ထွက်ပေါ်လာတဲ့စကားသံကိုပုံဖော်ထားတဲ့ သင်္ကေတ ဖြစ်ပါတယ်။
ရခိုင်မှာ အေဒီ ၄ ရာစု ဝေသာလီ ကျောက်လှေခါးခေတ် အေဒီ (၃၃၀ - ၉၅၇) မှ စပြီး စာပေအရေးအသားရှိခဲ့ကြပါတယ် (U San Tha Aung: Arakanese script: Its origin and evolution) ။ လေးမြို့ခေတ် အေဒီ ၉၅၇ မှ ၁၄၃၀ မှာ ရက္ခဝဏ္ဏအက္ခရာ ဖြင့် စာရေးခဲ့ကြသည်။ ယနေ့ ရခိုင်မှာပြောဆိုနေကြသည့်ဘာသာစကားအတိုင်းပြောကြရေးကြပါတယ်။ လေးမြို့ခေတ်ကျောက်စာနှင့် ပုဂံခေတ် ကျောက်စာများကို နှိုင်းယှဉ်ကြည့်ပြီး သုသေသနပညာရှင်တေလာက အခုလိုပြောထားပါတယ်။ ရခိုင်ဘာသာသည် ဗမာဘာသာနှင့် ခြားနားမူ့အများကြီးရှိကြောင်း၊ ရခိုင်စကားက ပိုမိုရှေးကျပြီး စကားသံနှင့် စလုံးပေါင်းက ပိုမိုစီလျော်မူ့ရှိကြောင်း၊ လွန်ခဲသော နှစ်ပေါင်း တစ်ထောင်ခန့်က ဘာသာစကားကို အက္ခရာတင်ရေးသားခြင်းမပြုခင်က ရခိုင်သံနှင့် ဗမာသံတူညီလိမ့်မည်ဟု ထင်မြင်ရကြောင်း L.F Taylor: Dialect of Burmese) က စာတမ်းမှာ ဆိုထားပါတယ်။ ဆရာကြီး ဦးမောင်စံဖော်ကလဲ ထိုအဆိုကို ထောက်ခံထားပါတယ်။ ကျွန်တော်တို့ ဆီက မြောက်ဦးခေတ်နဲ့ ရိုးမ အရှေ့ခြမ်းက အင်းဝ နဲ့ တောင်ငူ ခေတ်တို့သည် ခေတ်ပြိုင်များဖြစ်ပါတယ်။ ထိုခေတ်ထိုအခါက ရခိုင်စာဆို ဗမာစာဆို တို့ နှင့် ရှင်ဘုရင်အချင်းချင်း ဆက်သွယ်ခဲ့သည့် သဝက်လွှာတို့ကို ကြည့်ခြင်းအားဖြင့် ဂန္ထ၀င် မြန်မာ စာပေသည် ရခိုင် ဗမာ နှစ်နိုင်ငံလုံးသုံးခဲ့သည့် စာပေ ဘာသာစကားဖြစ်ခဲ့သည်ဟု ယူဆရပါသည်။ အက္ခရာ စာလုံးပေါင်းမှာ အဓိပ္ပါယ် တူ စကားလုံးတို့ကို အသံထွက် ကွဲပြားသော်လဲ ဆင်တူရိုးမှား စာလုံးပေါင်းကြပါသည်။ ဒါကလဲ ဗျည်း နဲ့ သရသံ အသံထွက် ထုတ်လုပ်ပုံမတူသောကြောင့် ဖြစ်တယ်လို့ (မောင်စံဖော် ရခိုင်စကားသံ နဲ့ စလုံးပေါင်း) တွင်ဖေါ်ပြထားပါသည်။ မူလအစ ကို ဆွဲထုတ်ကြည့်လျင် လွန်ခဲ့သော နှစ်ပေါင်း ၁၉၀/၂၀၀ လောက်က စတင်ခဲ့တယ် လို့ အတတ်ပြောနိုင်ပါတယ်။ ၁၉၅၅-၅၆ မှာ ဘာသာဗေဒပညာရှင် ဦးတင်လှ က ရခိုင်လူမျိုးတို့မှာ မွန်လူမျိုး ရှမ်းလူမျိုးများ ကဲ့သို့ စာပေအရေးအသားသီးခြားမရှိတော့ပေ။ မြန်မာ အက္ခရာ ကို သုံး၍ မြန်မာ စာပေ အရေးအသားအတိုင်း ရေးသားနေကြပြီး ဖတ်သောအခါတွင်သာ ရခိုင်သံဖြင့် ဖတ်ကြ ပြောကြခြင်းဖြစ်တယ် ဟုပြောလာပါသည်။
(ဦးတင်လှ ရခိုင်သံဆောင်းပါး၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း ၁၉၅၅ ၁၉၅၆။)
အမှန်မှာ ရခိုင်စာပေပေါ်အခြေခံပြီး ယခုလက်ရှိအသုံးပြုနေသောမြန်မာစာပေကို တီထွင်ပြောင်းလဲ အသုံးပြုနေကြခြင်းဖြစ်ပါတယ်။
ဦးတင်လှမတိုင်ပီ ၁၈၁၁ ကပင်သုတေသီ Leyden က ထိုပြဿနာနှင့်ပတ်သပ်ပြီး အခုလို ဆိုထားပါတယ်။
The Rukheng race is admitted to be of the same racial stock as the burma or birmen, and is understood to have greatly preceded that nation in civilization. The burma indeed derive their origin from Rukheng, whome generally dominate burma kyi, or the great burma, and they consider the Rukheng as the most ancient and original dialect of the burma language. (Leyden J: on the language and literature of the indo-china nations) ASIATIC RESEARCHERS Vol:X, 1811)
သမိုင်းအထောက်အထားများကို အသေအချာလေ့လာထားသူများရဲ့ သုံးသပ်ချက်များအရ ယခုလက်ရှိ မြန်မာစာ သည် ရခိုင်ဘုရင့်နိုင်ငံတော်က အသုံးပြုခဲ့တဲ့ စာပေဘာသာစကားကို အခြေခံပြီး ပုံစံအသစ်နဲ့ ပုံတူကူးယူထားသော စာပေဘာသာစကား ဖြစ်ကြောင်းထင်ရှင်းနေပါပြီ။ မည်သည့်စာပေကရှေးကျပြီး မူလပထမ ဖြစ်တယ်ဆိုတာ သုတေသီ J.Leyden က ရခိုင်မြန်မာကျောက်စာတွေအရ (to judge by the spelling of the oldest stone instructions) ပြောတာ ဖြစ်ပါတယ်။ သုတေသီ ဂျေဒန် ပြောတာ ဟုတ်မဟုတ် လက်လှမ်းမှီတဲ့ ရှေးကျောက်စာများကို တိုက်ကြည့်ပါမယ်။
ရှိ/ဟိ အသုံးအနှုန်း ကို ရခိုင်ပြည်မှကျောက်စာ နှင့် ဗမာပြည် မှ ကျောက်စာများ နှင့် နှိုင်းယှဉ်ကြည့်ပါမယ်။
ရခိုင်
မဟိကြဆိုဝ်၍ (ဘူးတောင်ကွဲကျောက်စာ ။ ၁၄၅၂ အေဒီ)
ဥစ္စာဟိလျက် (ဗုဒ္ဓ ဂါယာ ၊ မဟာဗောဓိကျောက်စာ။ ၁၂၉၅ အေဒီ)
ငါနှောင့်တူသူလူတွင်မဟိ (လောင်းကြက်တောင်မော်ကျောက်စာ။ ၁၁၂၃ အေဒီ)
မြန်မာ
အချင်းချင်းအမျက်တစိမဟိ ( သိင်္ဃသူ့သမီး ကျောက်စာ ။ ၁၂၆၆ အေဒီ)
မြက်နုရီယ်ကြည်ဟိရာ (အစောလတ်မောင်နှံကျောက်စာ ။ ၁၂၇၀ အေဒီ)
ထိုအရေးအသားများကိုလေ့လာကြည့်ခြင်းဖြင့် လေးမြို့ခေတ်နှင့် ပုဂံခေတ်တို့မှာ ရခိုင်နှင့် မြန်မာသည် ဟိ ကို အတူတူသုံးကြသည်။ ရခိုင်ကအခု ထိ ဟိ ကိုဆက်လက်အသုံးပြုနေပါသေးတယ်။ မြန်မာ က ဟိ အစား ရှိ အသံထွက်ကို ပြောင်းသုံးနေပါတယ်။ အခု ရခိုင်တချို့လဲ ရှိ ကို ပြောင်းလဲ အသုံးပြုလာကြတာတွေ့နေရပါပြီ။ အထူးသတိထားဖို့လိုပါတယ်။
စာရေး/စာရီး
ရခိုင်တွေ အခုချိန်ထိ စားရီးလို့ သုံနေသလို ဗမာများလဲ ယခင်က စာရီး လို့ အသုံးပြုခဲ့ပါတယ်။
နိဒါန်းစာလေတစ်ကျမ်းရီး (ပေါ်တော်မူဘုရားကျောက်စာ၊ ခုနှစ်မသိ)။
စာရိယ်သောသူကြွယ်၊ စာရီးသောသူကြွယ် ( ငကြည်သင်ကျောက်စာ ၊ ခုနှစ် ၅၀၃)
ပုဂံခေတ်ကျောက်စာများမှာ ရခိုင်အသံထွက်နဲ့ မြန်မာ စာလုံးပေါင်းများ မမှန်မကန် တွေ့ရပါတယ်။ ပုဂံမှာ ရခိုင်တို့ နေခဲ့သည့်အလား ထင်ရပါတယ်။ သို့သော် စကားလုံးမသုံးအနှုန်းတူရုံလောက်နှင့် တူတယ်လို့ပြောလို့ မရပါဘူး။ သဒ္ဒါဗေဒဆိုင်ရာ ရှုထောင့်ပေါင်းစုံက စီစစ်သုံးသပ်မှ ရမှာပါ။
ပုဂံကျောက်စာ ရခိုင်အသံထွက်
အေရွှီဘုရားအား (မြစေတီကျောက်စာ၊ မြန်မာ ၄၇၄)
သြက်မိရကား၊ အောက်မိရကား (မြစေတီကျောက်စာ)
သက်သီယ် (စခီပူနာကျောက်စာ ၊ ၅၃၀)
ကြီမုံ ၊ ကြီးမုံ (သူဌေးမုခ်ဂူဘုရား၊ ၅၅၉)
လှူ ခသော (ငပေါင်သင်ကျောက်စာ ၊ ၅၃၇)
စာတီ (သူဌေးမုခ်ဂူဘုရား ၊ ၅၅၉)
ဟုတ္တေ ၊ ဟုတ်တေ (ဇမ္ဗူ ရာဇိဘုရား ၊ ၅၅၈)
ရီယ်ကန်ရီယ်တွင်တန်ထား၊ ရီကန်ရီတွင်းတန်ထား (သင်ကြီးညောင်ခုတ် ၊ ၅၆၉)
ကြိယ်ဆီမီတိုင် ၊ ကြီးဆီမီးတိုင် (ပုဂံပြတိုက်အမှတ် ၈၂၊၅၇၃)
ပုဂံခေတ်အစောဆုံးတွေ့ရတဲ့ မြစေတီကျောက်စာ (ခ) ရာဇကုမာရကျောက်စာ (၄၇၄) ခု ထက် လေးမြို့ခေတ်မှာတွေ့ရတဲ့ ကျောက်စာတွေအရ မင်းရင်းဖြူဆင်းတုဓမ္မခံကျောက်စာ (၁၀၉ ခု) က ၂၂နှစ်စောပါတယ်။ နန်ကြားမတ်တပ်ရပ်တော်မူဘုရားပလ္လင်စာ (၄၅၁ ခု) က နှစ်ပေါင်း ၂၃ နှစ်စောပါတယ်။ ဘူးကွဲတောင်ဘုရားကျောက်စာ (၄၅၂ ခု) က ၂၂ နှစ်စောပါတယ်။
ပုဂံခေတ် အေဒီ ၁၀၄၄-၁၂၈၇ နှင့် လေးမြို့ခေတ် ၉၅၇-၁၄၃၀ တို့က ခေတ်ပြိုင်ပါ။ လေးမြို့ခေတ် အသံထွက်တို့နှင့်စလုံးပေါင်းများကို စာရှည်မည်စိုး၍မတင်ပြတော့ပါ။ ရှေးဟောင်းကျောက်စာနှင့်သမိုင်းပညာရှင် ဦးသာထွန်း စီစဉ်သည့် ရှေးဟောင်းရခိုင်ကျောက်စာများမှာကြည့်နိုင်ပါသည်။ အခုလိုတင်ပြရခြင်းမှာ ဘုံသုံးစာသည် မည့်သူ့စာနည်း၊ မည်ကဲ့သို့ ဘုံသုံးစာ ဖြစ်လာရသည် ဆိုတာ ကို ခြေရာကောက်နိုင်ရန်ဖြစ်ပါတယ်။သုတေသီ ဂျေလီဒန်း ကောက်ချက် ဟုတ်မဟုတ် ဆန်းစစ်ပြီးရင် အသင်တို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အမြင်ဖြင့် ခရီးဆက်လို့ရပါတယ်။ ဒီမှာ အရေးကြီးသည့်အချက်က စကားအပြောအဆို အသုံးအနှုန်းအရေးအသား၏ ပြောင်းလဲမူ့ဖြစ်ဆင်ကို ဆင်ခြင်သုံးသပ်နိုင်မှသာလျင် ရခိုင်တို့ပိုင်ဆိုင်သည့် စာ ဖြစ်တယ်ဆိုတာ လက်ခံလို့ရပါမည်။ နှစ်ပေါင်း ၂၀၀ ကျော် စာပေအရေးအသား ကို ဆွဲယူသိမ်းသွင်းခြင်းခံခဲ့ရတဲ့အတွက် ယခုမျက်မှောက်ကာလတွင် ရခိုင်တို့၏ စာပေအရေးအသားအသုံးအနှုန်းသည် မျိုးရိုးမြင့်မားမှန်ကန်ပြီး မိဘ ဘိုးဘွားရှိပါလျက်နှင့် ကပ်ပါး ဘဝကိုရောက်ခဲ့ရသည်။
မိခင်ဘာသာစကားကို ရှာယူသိုမှီခြင်း (Native language acquisition)
မိခင်ဘာသာစကား၏ ကူးဆက်မူ့မှာကွင်းဆက် (Chain of Transmission)
ကမ္ဘာ မှာ ပြောနေကြတဲ့ ဘာသာစကားပေါင်း ၆၇၆၀ ရှိတယ်။ ၂၁၀၀ပြည့်နှစ်မှာ ၃၀၀ လောက်သာရှင်သန်ကျန်ခဲ့လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ (မောင်စူးစမ်း၊ ဘာသာစကား၊ သက်ရှိဝန်းကျင်ဖွဲ့စည်းပုံယိုင်လဲခြင်း၊ နွယ်နီမဂ္ဂဇင်း၊ ဧပြီ)။
ဘုံစာကိုဖတ်ပြီး အသေကောင်ပေါ်က ကျီးကန်းလို မျောလိုက်မနေပဲ ရခိုင်အပြောကို အခြေခံသည့် ရခိုင်စာပေ အစစ်အမှန်ကို ဖော်ထုတ် နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ရခိုင်စာပေ ဖွံ့ဖြိုးတိုးတက်လိုလျင် ကျွန်တော်တို့အားထုတ်မူ့အသစ် new endeavour တို့ကိုလုပ်ရပါမယ်။ အားထုတ်မူ့အသစ်တို့ကို အတိတ် ပစ္စုန်ပ္ပန် အနာဂတ် ကာလသုံးပါးအတွက် ဖြန့်ကျက်ဆောင်ရွက်ရပါမယ်။ ဤတွင် မျက်မှောက်စာပေသမားများနဲ့ အနာဂတ် စာပေသမားများ မှာ အလွန်အရေးပါပါတယ်။ မျိုးဆက်သစ် စာပေ တစ်ခုဖြစ်ပေါ်လာဖို့ လိုအပ်ပါတယ်။ မျိုးဆက်သစ်ဆိုသည် မှာ မူလမျိုးကို အခြေခံ ၍ ဆက်ပြီး ဆန်းသစ် သွားရမည် ဟု အဓိပ္ပါယ် ရပါသည်။ ၎င်းကို ကြားမဖြစ်သည့်သမိုင်းဖြစ်စဉ် historical continuity လို့ခေါ်ပါတယ်။ ကျွန်တော်တို့စာပေသည် ကြားပြတ်သွားခဲ့ရသည်။ ခါးပြတ်ခဲ့သည်။ ဒါကြောင့် ထော့ကျိုး limp ဖြစ်နေသည်။ ပတ်ကြားအက်ထဲကို အထွေထွေအပြားပြားအသံတို့၊ စာလုံးပေါင်းတို့ ၊ အသုံးအနှုန်းတို့၊ ယဉ်ကျေးမူ့တို့ စီးဝင်သွားသည်။ "ပုတ်ခြားရင် နွားချီး ဝင်တယ်"လို့ အဆိုရှိပါတယ်။ ယခု စာပေရဲ့ အဓိက အသက်သွေးကြောဖြစ်သည့် အက္ခရာ ပါ ပျောက်ကွယ် နေရပါပြီ။ အက္ခရာ အမှန်မှာ ပျောက်ကွယ် နေပြီး နိုင်ငံရေးလှည့်ကွက်အရ စိတ်ကျေနပ်မူ့ရစေရန် နောက်ပြန် ရေးဆွဲ ပုံဖော်ထားသည့် အလွန်ခက်ခဲသည့် အရေးအသား အက္ခရာ ကိုသာ အစားထိုး ဖန်တီး နှစ်သိမ့် ပေးခြင်းကိုသာ ရခိုင်တို့ ခံ ထားရသည်။
ဘာသာဗေဒ ပြောင်းလဲတတ်တဲ့ နိယာမ သဘောသဘာဝကို ဓမ္မဓိဋ္ဌန် ကျကျ လေ့လာကြည့်မှ objective observation အားနည်းရင် တစတစမသိမသာပြောင်းလဲ ဖြစ်ထွန်းလာခြင်း evolution သဘောကို မခြုံငုံ မိနိုင်ပါ။ ယင်းသို့ မငုံမိရင် လွတ်လပ်မူ့ liberty နှင့် ထိန်းချုပ်မူ့ restraint သဘောအရ ကြောင့် တိုးတက်ဆန်းသစ်မူ့ Paradoxically improvement ကို မည်သို့လက်ခံမည်နည်း။
အခု ကျွန်တော်တို့ စာပေသမားတို့ မှာ စားလုံးပေါင်းကွဲခြင်းကို စာပေနယ်တစ်ခုလုံး အခြင်းများ ပြဿနာ လုပ်နေကြခြင်းကို ရပ်တန့်သင့်ပြီ ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြောင်းလဲခြင်းနိယာမသဘောတို့ကိုပေါ့ပေါ့ဆဆတွက်ဆမိလို့ဖြစ်တယ်။ ရွှေသည် ရွှေ ဆိုသည့်စလုံးပေါင်း ဖြစ်လာဖို့အတွက် ၁၂၆ နှစ်ကို တရွေ့ရွေ့ဖြတ်သန်းခဲ့ရပါတယ်။ သက္ကရာဇ် ၆၅၇ က ရေးထိုးခဲ့သည့် မင်းထီးကျောက်စာမှာ ရှယ်ပန်ငုယ်ပန် လို့ရေးထိုးခဲ့တယ်။ သက္ကရာဇ် ၇၈၅ က ရေးထိုးခဲ့သည့် ကျောက်တော်ဘုရားကျောက်စာ မှာ ကျတော့ ရွှီလှီရွှီတက် လို့စာလုံးပေါင်းပြောင်းလာသည်။ အခုကျွန်တော်တို့က ရွှေ လို့စလုံးပေါင်းပေါင်းနေကြပြီ။ မသိမသာ တစ်ရွှေ့ရွှေ့ပြောင်းနေကြသည့်သဘောပါ။ ကောင်းတာလဲ ရှိမည်။ ဆိုးတာလဲ ရှိမည်။ မည်သို့ပင်ဆိုစေကာမူ တရွေ့ရွေ့ပြောင်းခြင်း evolution ကို ဇွတ်ပြခြင်း violation လုပ်လျင် သဘာဝနိယာမတရား natural law ကို ခေါင်းနှင့်ဝင်ဆောင့်သလို ဖြစ်နေပါလိမ့်မယ်။ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ယဉ်ကျေးမူ့ဆိုသည်မှာ တည်တံ့ခိုင်မြဲခြင်းသဘော နှင့် ပြောင်းလဲခြင်းသဘော ဒွန်တွဲနေခြင်းဖြစ်သည်။ ထိုမှတဖန် ပြောင်းလဲခြင်းဆိုသည်မှာ ဖောက်ပြန်သွေဖယ်ခြင်းနှင့် တိုးတက်ဆန်းသစ်ခြင်း သဘော ရှိပါတယ်။
အချုပ်အားဖြင့်ဆိုရပါမူ ရခိုင်အာ vocal organ က ထွက်တဲ့စကားသံကို ရခိုင်လူ့အဖွဲ့အစည်းက သပ်မှတ်ထားတဲ့ အက္ခရာ နှင့် သင်္ကေတ ပြုရေးလိုက်သည့် စာသည် ရခိုင်စာ ဖြစ်သည်။ ရခိုင်စကားသံကို ပီသအောင် သင်္ကေတ မပြုနိုင်သည့်စာကို ရခိုင်စာဟု မခေါ်နိုင်ပါ။
ရခိုင်ရိုးရာ ရထားဆွဲပွဲအစ
--------------------------------
သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) ကဲ့သို့ ပညာရှိများနှင့် လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသည်။ တစ်ခါသော် သျှင်ငယ်မြ၀ါသည် တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီး ကြာသပတေးရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီ ပညာရှင်ဦးမြ၀ါမှာ ကြာသပတေးရက်သားဖြစ်ပြီး မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြ၀ါ၏ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားတို့က တစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြ ကြောင်း သမိုင်းအရ သိရှိရပါသည်။ ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြ၀ါအား ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ ကျင်းပကြခြင်းဖြစ်ပါသည်။
ကုံရာသီ တပို့တွဲ ရထားဆွဲ
တစ်နှစ်လုံး၏ ဆောင်းရာသီ တစ်လတည်း၌သာ ရထားဆွဲပွဲကို ကျင်းပသည်။ တောင်သူလယ်သမားများနှင့် ပြည်သူအပေါင်း စပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နှင့် ရှေ့လာမည့်နှစ်တွင် ရာသီဥတုကောင်းမွန်စေရန်နှင့် စပါးဆန်ရေပေါများစေရန် ရည်ရွယ်၍လည်း တပို့တွဲလတွင် ရထားဆွဲကြကြောင်း စာဆိုသုတေသီအပေါင်းက ဆိုသည်။ မြောက်ဦးခေတ်က အစပျိုးကာ ဗြိတိသျှခေတ်နှင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်း စဉ်ဆက်မပြတ် ရထားဆွဲပွဲကို ရခိုင်ဒေသအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ ယနေ့ အချိန်အခါတွင် နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခဲ့ကြောင်း သိရပါသည်။ ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခန့်အောင် လုပ်ပြီး သစ်သားဘီးများဖြင့် တွဲဆက်ကာ ရထားအလယ်၌ ၀ါးညွှန့်ပင်ကို စိုက်ထူကာ ရထားတစ်ဘက်တစ်ချက်၌ ကြိုးဖြင့် ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှ တစ်ဘက်နှင့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်) သံချပ်ထိုးကြ သည်။ ညီညွတ်စုပေါင်းခွန်အားနှင့် အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကို အခြေခံကာ ယှဉ်ပြိုင်ကြသည်။
ရှေးနှစ်ပေါင်းများစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီး တပို့တွဲလပြည့်ည ရောက်တိုင်း ရထားကို အနိုင်ရသည့်ဘက်က မီးရှို့လေ့ရှိကြသည်။ ရခိုင်ရိုးရာ ရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်သည် (၃) နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရခိုင်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းကြရပါမည်။ ၁၉၆၈ ခု၊ ပြည်ထောင်စုနေ့ပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရထားပန်းယိုင်ယိမ်းကို ကျောက်ဖြူမြို့နယ်မှ တင်ဆက်ခဲ့ဖူးပြီး၊ ရေးစပ်သူမှာ ဆရာကြီး ဦးလုံး ဖြစ်ပါသည်။
THE END
Hnin Hnin Nway(ရခိုင်သူ)

စုစီးကူးယူဖော်ပြရေ။
စာကိုးကျမ်း
1.Maternal Morbidity and Mortality
among Indigenous People in
Bangladesh:A Study of the Mru
Community.
2.ဓညဝတီရာဇဝင်သစ် (မင်းကျောင်းဆရာတော် ဦးပဏ္ဌိ
3.နတ်သမီးသိုက်ရခိုင်ရာဇဝင်
4.ပီပြင်သောရခိုင်ဘုရင်ရာဇဝင်
5.ရခိုင်နီးဒါန်း (မောင်ပြူး-သံတွဲ)
6.ရခိုင်ပုံတည်ဝတ္ထုများ(အရှင်စကိန္န)
7.ရခိုင်မင်းသမီးဧချင်း-အဒူမင်းညို
8.ရခိုင်ရာဇဝင်သစ်ကျမ်း (ပ,ဒု တောင်ကျောင်းဆရာတော် စန္နမာလာ လင်္ကာရ)
9.ရခိုင်ယဉ်ကျေးမူများ( ၈,၉)
10.The Ministry of Chittagong Hill
Tracts Affairs of Bangladesh:
An agency for discrimination against indigenous jumma peoples
11.Original Article
Ethnographic information and medical formulations of a Mro community of Gazalia Union in the
Bandarbans district of Bangladesh
နတ်မြစ် - လှိုင်းပြာ
ဗမာသမိုင်းများ
နှင့်pageပေါင်းများစွာ
ရခိုင်သမိုင်းသုတေသီဆောင်းပါးများ
ဆောင်းပါးပေါင်းများစွာတို့ဖြစ်ကြပါသည်။

No comments:

Post a Comment