Saturday, January 21, 2023

လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်ပြနိုင်သော အနုပညာသည် အဘယ်နည်း။

        အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ 
အလည်ရောက်လာသူအားလုံးအား ကျေးဇူးတင်ပါသည်။

Tuesday, January 19, 2016

ရခိုင်လူမျိုးသမိုင်းအကျဉ်းနှင့် မင်းဆက်များ


ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ 

Friday, June 22, 2012


ထေ၀ါဒ သာသနာ ရခိုင်တွင် ထွန်ကားလာပုံ ( ၂ )
(ဦးကျော်ကျော်လှ)
ရခိုင်သဟာယအသင်း အမှတ် ၄ စာအုပ် မှ ဖြစ်ပါသည်။
            ကျွန်တော်သည် ဆရာတော် အရှင် ဥာဏီဿရ၏ မေးခွန်းများအပေါ် ဆရာကြီး ဦးဦးသာထွန်း ( ရခိုင်မြန်မာ ပဏ္ဍိတ ) မှ ဖြေ ကြားချက်များအနက် မေးခွန်းနံပါတ် (၁၉) ၏ ဖြေကြားရှင်းလင်းချက်ကို ၁၉၉၆ ခုနှစ် ထုတ်ဝေသော ရခိုင်သဟာယအသင်း မဂ္ဂဇင်း အမှတ် (၃) တွင် ရေးသားဖော်ပြပြီး ဖြစ်ပါသည်။ ယခုဆရာတော်၏ မေးမြန်းသော ကျန်မေးခွန်း (၅) ခုအပေါ် ဆရာကြီး၏ ဖြေကြား ရှင်းလင်းချက်များကို အပြည့်အစုံ ဖော်ပြရေးသားလိုက်ပါသည်။

Thursday, May 24, 2012


ရခိုင်ပြည်၊ မြောက်ဦးမြို့ မှ ဘောင်းဒွတ်ဆိပ်ကမ်း
(မြောက်ဦးသား)
“အစွမ်းမရောက်၊မြို့မရောက်၊ ဘောင်းဒွပ်အဆီပြန်လတ်စီ”ဟူသော ရှေးလူကြီးသူမများ ပြောဆိုခဲ့သောစကားရိုးတစ်ရပ်ကိုငယ်စဉ်အခါကပင်ကြားဖူးပါသည်။သို့သော်ဆိုလိုသည့်အဓိပ္ပါယ်အမှန်ကိုမူထိုစဉ်အခါကနားလည်သဘော ပေါက်ခြင်းမရှိခဲ့ပါ။  ဘောင်းဒွပ်အရပ်မှာ မြောက်ဦးမြို့မှအနောက် တောင်ဘက်သုံးမိုင်ခန့်အကွာတွင်တည်ရှိပါသည်။  ဘောင်းဒွပ်ချောင်းနှင့် ဘောင်းဒွပ်ရွာသို့
အသက်အရွယ်ကြီးမြင့်သည့်အခါမှသာလျှင် ရောက်ခဲ့ဖူးပါသည်။ ဘောင်းဒွပ်သို့ကွင်းဆင်းလေ့လာခဲ့ရခြင်းမှာလည်းသမိုင်းဆရာ ဟောလ် ရေးသားခဲ့သော ဒတ်ခ်ျ နှင့် ရခိုင်တို့ ဆက်သွယ်ခဲ့ ကြသည့်ဆောင်းပါး

Tuesday, May 22, 2012

ရခိုင်သို့ဗုဒ္ဓဘာသာဝင်ရောက်လာခြင်းနှင့် ခေတ်အဆက်ဆက်ထွန်းကားလာမူ့

        

ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာတော်ဝင်ရောက်လာခြင်းသည် မြတ်ဗုဒ္ဓဂေါတမ ရခိုင်ပြည်သို့ရောက်လာသည့်
အချိန်မှ စတင်သည်။ ဘုရားသျှင်သည် မဟာသက္ကရာဇ် ၁၂၃ခု ကဆုန်လ္ဆန်း (၈) ရက်။ အချို့ကျမ်း၌တပို့တွဲလပြည့်နေ့၌ နောက်ပါရဟန်း ၅၀၀ ခြံရံလိုက်ပါလျှက် ဓည၀တီ ရခိုင်ပြည် သို့ကြွရောက်ပြီး ဂစ္ဆပနဒီမြစ်၏အရှေ့ဘက်ကမ်းဖြစ်သော သေလာဂီရိကျောက်တော်တောင်၌ ဆင်းသက်ရပ်တန့်သည်။ စန္ဒသူရိယမင်းကြီးသည် ဓည၀တီမြို့မှ (၅) မိုင်ခန့်ဝေးသော သေလာဂီရိတောင်၌ ဘုရားမြတ်သျှင်ကြွရောက်၍ ရပ်တန့်နေသည့်သတင်းကိုကြား၍ ခရီးဦးကြိုဆိုရန် သွားးရောက်သည်။